အခန်း ၁ :: Roadmap

Developer တစ်ယောက်မဖြစ်ခင်မှာ ကိုယ်ဘယ်လမ်းကြောင်း ကို သွားမယ်ဆိုတာ အရေးကြီးပါတယ်။ Developer တစ်ယောက် မဖြစ်ခင်မှာ ဦးစွာ လေ့လာဖို့တွေကတော့ Programming ပါ။

ပထမ အဆင့်

ပထမ အဆင့် အနေနဲ့ လေ့လာဖို့ကတော့

  • Programming Basic
  • HTML
  • CSS
  • JavaScript
  • JQuery

စသည်တို့ကို ပထမ အဆင့်အနေနဲ့ လေ့လာရပါမယ်။ Web Developer မလုပ်ဘူးဆိုပေမယ့် နည်းပညာလောကထဲမှာ ရှိမယ် ရေရှည်နေမယ် ဆိုရင်တော့ ဒီ ပထမ အဆင့် အကုန် လေ့လာဖို့ လိုတယ်။

ဒုတိယ အဆင့်

ဒုတိယ အဆင့်အနေနဲ့ကတော့

  • Object-oriented programming (OOP)
  • Database (SQL)
  • JSON, XML , YML
  • API (RESTful, GraphQL)

လက်ရှိ programming တွေ အားလုံး နဲ့ မကင်းတာကတော့ ​Object-oriented programming လို့ ခေါ်သည့် OOP ပါ။

အများအားဖြင့် OOP ကို သိရုံ လောက် လေ့လာပြီးတော့ လုပ်ငန်းခွင် ဝင်ကြတာ များပါတယ်။ OOP ကို သေချာ နားလည် နေဖို့လိုတယ်။ လက်ရှိ လုပ်ငန်းခွင့်မှာ စီနီယာ တွေဟာ OOP ကို သေသေချာချာ သုံးထားပြီး ကိုယ်နားမလည်ရင် ပြဿနာ တွေဖြစ်ကုန်နိုင်ပါတယ်။ ဒီ code ကို ဘယ်လို ခေါ်လိုက်လို့ ဘယ်လိုဖြစ်သွားတယ် မသိ ဆိုသည့် magic code တွေ တွေ့နေရပါလိမ့်မယ်။

Database ပိုင်းမှာတော့ လေ့လာဖို့တွေက အရမ်းများတယ်။ ဒါပေမယ့် အဓိက ကျသည့် SQL ကို တော့ မဖြစ်မနေ လေ့လာရပါမယ်။ SQL ကို လေ့လာထားပြီးရင်တော့ MS SQL ဖြစ်ဖြစ် MySQL ဖြစ်ဖြစ် လေ့လာရတာ အဆင်ပြေပါလိမ့်မယ်။ Database ကတော့ data တွေကို ထိန်းသိမ်းပေးပြီး လိုအပ်သည့် data တွေကို ရှာဖွေ ပေးပါတယ်။ Developer တိုင်းမ ဖြစ်မနေ သိရမည့် အပိုင်း တစ်ခုပါ။

SELECT name, age from students;

အထက်ပါ code က database ရဲ့ students table ထဲက name နှင့် age ကို ဆွဲထုတ်ထားသည့် ပုံစံပါ။

JSON, XML, YML တွေကတော့ programmer တိုင်း မဖြစ် မနေ သိသင့်သည့် text format တွေပါ။

JSON (JavaScript Object Notation) တွေကို Restful API တွေ မှာ မဖြစ်မနေ သုံးကြပါတယ်။ ရိုးရှင်းလွယ်ကူပြီးတော့ programming language တော်တော်များများမှာ ပါဝင်ပြီးသား ဖြစ်လို့ပါ။

{
	"name" : "Mg Mg",
	"age" : 23,
	"teacher" : false
}

အပေါ်က example မှာ ဆိုရင်တော့ ကြည့်လိုက်တာနဲ့ Mg Mg ရဲ့ information ဆိုတာကို သိနိုင်ပါတယ်။ JSON ကနေ Dictionary ကို programming language တိုင်းမှာ လွယ်လင့်တကူ ပြောင်းနိုင်သည့် အတွက် လူသုံးများပါတယ်။

XML ကတော့ အရင်က JSON popular မဖြစ်ခင် နှင့် Restful popular မဖြစ်ခင်တုန်းက SOAP တွေကို API အတွက် အသုံးများကြပါတယ်။ အဲဒီ အချိန်တုန်းကတော့ XML က မသိမဖြစ်ပါပဲ။

HTML ကတော့ Hypertext Markup Language (HTML) ဖြစ်ပြီး XML ကတော့ Extensible Markup Language (XML) ဖြစ်ပါတယ်။ HTML , XML က ရေးသားသည့် ပုံစံ တူညီ ကြပါတယ်။

<person teacher=false>
	<name>Mg Mg</name>
	<age>23</age>
</person>

JSON လိုမျိုး ဖြစ်ပေမယ့် XML က attribute , node value စတာတွေ အပြင် Document Object Model (DOM) နဲ့ သုံးရသည့် အတွက်ကြောင့် programming လေ့လာကာစ junior တွေ အတွက် အခက်အခဲ ဖြစ်တတ်ပါတယ်။

YAML ကတော့ နောက်ပိုင်းမှာ config file ပုံစံနဲ့ လူသုံးများလာပါတယ်။ API request response တွေမှာ ထက် config ပုံစံတွေအတွက် ပိုအဆင်ပြေပါတယ်။ YAML ရဲ့ အရှည်ကောက်ကတော့ နည်းနည်းဆန်းတယ်။ YAML Ain't Markup Language က YAML ရဲ့ အရှည်နာမည်ပါ။

name: Mg Mg
age: 23
teacher: false

တတိယ အဆင့်

တတိယ အဆင့်မှာတော့ ရွေးချယ်ခြင်းပါ။

  • Web Development
  • Mobile App Development
  • App Development for OS (Windows/Linux/Mac)

ဒီအဆင့်ဟာ Developer တွေ အတွက် အရေးကြီး ဆုံးအဆင့်ပါပဲ။ ကိုယ်က ဘာလုပ်ချင်လဲ ဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒီ အပိုင်းတွေထဲကမှ လိုင်းကြောင်း တစ်ခုကို ပိုင်ပိုင် နိုင်နိုင် ရွေးချယ်သွားဖို့က လိုအပ်ပါတယ်။

Web Development

Web Development ပိုင်းကို လေ့လာမယ်ဆိုရင် ၂ ပိုင်း ထပ် ကွဲပါသေးတယ်။

  • Frontend
  • Backend

ဆိုပြီး ၂ ပိုင်း ကွာခြားပါတယ်။ ပုံမှန် အားဖြင့် frontend ကော backend ၂ ခု လုံး လုပ်ကြသည့် developer တွေ အများကြီးရှိပါတယ်။ တချို့တွေကတော့ database ပိုင်းမှာ အားနည်း ပေမယ့် UI/UX လှလှပပ နှင့် လူတွေ လွယ်ကူစွာ အသုံးပြုနိုင်အောင် ဖန်တီးနိုင်ခြင်း ၊​ React JS, Vue JS လိုမျိုး framework တွေ နဲ့ ရေးသားရတာ ပို အသားကျခြင်း တို့ကြောင့် front end developer ပိုင်း ကို လုပ်ကြပါတယ်။

Backend ပိုင်းမှာတော့ database query တွေ ရေးခြင်း နှင့် အဓိက system တစ်ခုလုံးရဲ့ logic ပိုင်းဆိုင်ရာတွေကို ဖန်တီးခြင်း တို့ကို ပြုလုပ်ကြပါတယ်။ Backend ပိုင်းဟာ ရှုပ်ထွေးလှသည့် business logic တွေ နဲ့ database query တွေကို front end အတွက် ထုတ်ပေးရပါတယ်။

ပုံမှန် အားဖြင့် front end, backend မခွဲပဲနှင့်လည်း website တွေကို ရေးကြသည့် developer တွေ ရှိပါတယ်။ Web Developer တစ်ယောက် အနေနဲ့ ပထမဆုံး အနေနဲ့ front end ပိုင်း ကော backend ပိုင်းကော လေ့လာထားဖို့ လိုအပ်ပါတယ်။ ပြီးမှသာ ဘယ်အပိုင်း ကိုယ်အားသန်တယ် ဆိုတာကို ဆုံးဖြတ်ဖို့ လိုပါတယ်။

Web Development ပိုင်းမှာ ထပ်ပြီး ခွဲရရင် backend ပိုင်းမပါပဲ database တွေ မပါပဲ သာမာန် သမာရိုးကျ company website, အသင်းအဖွဲ့ website ဖန်တီးသည့် website development လည်း ရှိပါတယ်။ အဓိက front end ပိုင်းပဲ ပါပြီးတော့ website ကနေ information ပေးဖို့ အတွက် ရေးဆွဲကြပါတယ်။

Web App တွေကတော့ front end , backend ၂ ခု လုံး ပါဝင် ရေးဆွဲဖို့လိုပါတယ်။ Backend ကနေ Front end လိုသည့် data တွေကို Restful API မှ တဆင့် JSON စတာတွေ နဲ့ ပေါင်းကူးထားပေးပါတယ်။ ဒါကြောင့် Restful ဆိုတာ ဘာလဲ JSON ဆိုတာ ဘာလဲ ဆိုတာကို မဖြစ်မနေ လေ့လာထားသင့်ပါတယ်။

Mobile App Development

Mobile App Development ဆိုတာနဲ့ iOS , Android App ဖန်တီးဖို့ကို တွေးမြင်ကြပါလိမ့်မယ်။

iOS App ကို development လုပ်ဖို့ အတွက် Mac OS, Xcode လိုအပ်ပါတယ်။ Language ကတော့ Swift language နဲ့ ရေးသားရပါတယ်။ အရင်တုန်းကတော့ Objective-C နဲ့ ရေးသားပါတယ်။ တချို့ library တွေက အခု ထက်ထိ objective-c နဲ့ ရေးသားထားတာတွေ ရှိပါသေးတယ်။

Android App အတွက် Kotlin နှင့် နောက်ပိုင်း ရေးသားကြပါတယ်။ အရင်ကတော့ Java နဲ့ ရေးသားပါတယ်။ တချို့ code တွေကတော့ Java နဲ့ ရေးသားထားတာတွေ ရှိပါသေးတယ်။

Cross Platform ဆိုတာကတော့ iOS , Android အတွက် တစ်ခါတည်း ရေးပြီးတော့ platform နှစ်ခုလုံးမှာ run လို့ရအောင် ရေးသားလို့ရပါတယ်။​ Cross platform အတွက်က react native နှင့် flutter ကို အသုံးများပါတယ်။​ အဓိက native မဟုတ်ပဲ​ web view နဲ့ ရေးကြတာတွေလည်း ရှိပါတယ်။ Ionic က web developer အတွက် native နဲ့ မဟုတ်ပဲ JavaScript နဲ့ ရေးသားကြပါတယ်။ Web အတွက် အဓိက ပြဿနာကတော့ performance က native လောက် မကောင်းတာပါ။ လက်ရှိ မှာကတော့ flutter က native လိုမျိုး performance ကောင်းပါတယ်။

React Native က React JS တတ်ကျွမ်းသည့် သူတိုင်း လွယ်လင့်တကူ ရေးသားနိုင်ပါတယ်။​ React JS သမားတွေ အတွက် Mobile App ကို ရေးချင်သည့် အခါ React Native က ရွေးချယ်စရာ ပါ။​ ရေးသားပုံ စဉ်းစားပုံ အတူတူပဲ​ ဖြစ်သည့်အတွက်ကြောင့် လေ့လာရမှာ လွယ်ကူစေပါတယ်။

Flutter က Dart ကို အသုံးပြုပြီး ရေးသားရပါတယ်။ နောက်ပိုင်းမှာ flutter ကို လူသုံးများလာပါတယ်။ အဓိကတော့ community အားကောင်းပြီးတော့ react native နဲ့ ယှဥ်ရင် performance ပိုကောင်းတယ်လို့ ယုံကြည်ကြလို့ပါ။ Flutter ဟာ React Native နဲ့ ယှဥ်ရင် memory လည်း ပိုမိုသက်သာပါတယ်။

အဓိကတော့ ဘယ် platform က ကိုယ့်အတွက် အဆင်ပြေမယ် ဆိုတာကို ကိုယ်တိုင်လေ့လာပြီး ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။

အခြား

နည်းပညာမှာ လေ့လာဖို့က အများကြီးပါ။ Developer တစ်ယောက် အနေနဲ့က လေ့လာမူကို ရပ်ထားလိုက်လို့မရပါဘူး။ သို့ပေမယ့်လည်း အကုန်လုံးကို လေ့လာနေဖို့ အချိန်လည်း မရှိပါဘူး။ ဒါကြောင့် ဝါသနာပါသည့် လမ်းကြောင်းကို ကျွမ်းကျင်အောင်သွားပါ။ ပြီးမှ အခြား လမ်းကြောင်းတွေကို သိအောင်လေ့လာထားဖို့ လိုပါတယ်။